Everything were falling down!
  စိန်မျောက်မျောက်သို့ အိပ်ဖွင့်ပေးစာ
 

အင်း
ရေးဖို့ပြင်နေတာတော့ တော်တော်ကြာပြီ၊ မအားတာကော၊ အလုပ်များနေတာကောလို့ မထင်နဲ့
အပျင်းကြီးနေလို့ မရေးဖြစ်တာ နိုင်ငံတော် အစိုးရရဲ့စေတနာတွေကို စော်ကားနေလိုက်ကြတာ
မနေနိုင်လို့ နည်းနည်းဆုံးမရဦးမယ်။ စိန်မျောက်မျောက်ဆိုတဲ့ ညီလေး သေသေချာချာ
အလေးသတိထားပြီး ဖတ် ကြားလား။ အခုနိုင်ငံတော် အစိုးရက နေ့မအား ညမအား စားနေလိုက်တာ
(ဟာာာ ကီးဘုတ်ကလဲ ကတ်ကတ်နေတယ်၊ ဖားစာရေးမယ်ဆိုလို့လား မသိဘူး၊ ကိုယ့်လက်ထဲက
ကီးဘုတ်တောင် ပုန်ကန်နေလိုက်တာ၊ နေဦး ဒင်းကို တိုက်ပိတ်ထားဦးမယ်) မှားလို့
ကြိုးစားနေလိုက်တာ၊ လမ်းကြီးတွေဖောက် (ပျက်အစဉ် ပြင်ခဏဆိုတာ နားလည်ထား)၊
တံတားကြီးတွေဆောက် (ဆောက်လုပ်စားရိတ် ကြေအောင်ပါ)၊ ဆည်ကြီးတွေဆောက်နေတာတွေဟာ
နိုင်ငံတော်အစိုးရရဲ့ စေတနာတွေလေ။ ခက်လိုက်တာကွယ်။ သူတို့ လစာလေးနဲ့ တိုက်တွေဆောက်
ကားတွေစီးလို့ လက်ညှိုးမထိုးနဲ့လေ၊ သူများကောင်းစားတာ ဘာလို့ မနာလိုချင်ရတာလဲကွ။
အလုပ်လုပ်နေတာပဲလေ၊ ဒီလောက်တော့ရှိမှာပေါ့၊ တစ်ချို့ဆိုထိုင်နေရင်းနဲ့
သောက်လိုက်တဲ့ လက်ဖက်ရည်ဆိုတာ တိုက်တစ်လုံးပြီး တစ်လုံးဆောက်နေတာ၊ ဟိုက အလုပ်လုပ်ပြီး
ရတာ မနာလိုမဖြစ်နဲ့ ညီလေးရယ်။ ညီလာခံတွေ ကျင်းပနေတာ မင်းတို့ကောင်းဖို့ကွ၊
ဒီလိုကျင်းပဖို့ ဆောက်လိုက်ရတဲ့ အဆောက်အဦးတွေ ဘယ်လောက်ကုန်ကျမယ်ဆိုတာ
မှန်းကြည့်ပေါ့ ညီလေးရယ်။ အဲ့ဒိအင်ဂျင်နီယာ သူဠေးဖြစ်တာလဲ မပြောနဲ့လေ၊
သူလုပ်ရတာများသကိုး။ ညီလာခံကျင်းပလို့ ကိုယ်စားလှယ်တွေလည်း ချက်ခြင်း လက်ငင်း
အကျိုးထူးတာပဲလေ။ ဟန်းဖုန်းနဲ့ ပါမစ်နဲ့၊ နိုင်ငံတော်အစိုးရရဲ့ စေတနာတွေလေကွာ။
မင်းတို့မရလို့လား၊ မတော်လို့ပေါ့ကွ (ဆွေမျိုးမဟုတ်ဘူးနော်၊ အရည်အချင်း
အရည်အချင်း)။ တစ်ချိန်တစ်ချိန်တော့ ရမှာပေါ့ကွာ၊ တစ်နေ့တစ်လံ
ပုဂံဘယ်ရွေ့ဆိုတာလဲရှိသားပဲ။ နိုင်ငံတစ်ကာမှာ လောင်စာ ပြသနာဖြစ်နေလို့
တစ်ခြားနည်းလမ်းတွေ အစားထိုးဖို့ ကြိုးစားချိန်မှာ ကိုယ်တို့နိုင်ငံမှာ CNG တွေ
ပြောင်းပြီးပြီလေကွာ။ ခောတ်မှီတယ်လေကွာ၊ နည်းပညာ ရှေ့တမ်းရောက်နေတယ်လေ။ အခု
နိုင်ငံတော်မှာ စက်သုံးဆီ စားရိတ်တွေ ဘယ်လောက်သက်သာသလဲ တွက်ကြည့်စမ်း။
နိုင်ငံတော်အစိုးရရဲ့ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရေး နည်းလမ်းကလည်း
တစ်ပေါင်းတည်းပေါ့၊ တစ်ချက်ခုတ် သုံးချက်ပြတ်တယ်လေကွယ်။ ကားတွေ CNG ပြောင်းတော့ စက်သုံးဆီ စားရိတ် သက်သာတယ်၊ CNG
ထည့်ချိန်ကြာတော့ ကားတွေ လမ်းပေါ်မှာ မပိတ်တော့ဘူး၊ မှတ်တိုင်မှာ လူတွေပုံပြီး
ကားစောင့်နေရတော့ ငါတို့ကို ဆန့်ကျင်ဖို့ (ရှင်းရှင်းပြောရရင် ပုန်ကန်ဖို့)
မလုပ်နိုင်တော့ဘူးလေကွာ။ အခုလို အကျပ်အတည်းတွေ များများ ကျင့်သားရမှ ဒီမိုကရေစီ
ရရင် (မစဉ်းစားနဲ့ဦးပေါ့ကွာ အခုအချိန်မှာ) အဆင်သင့်ဖြစ်နေတာပေါ့။
ဒီနှစ်ရေကြီးတာတို့ ရာသီဥတု မကောင်းတာတို့ကို မနာလိုသူတွေက မင်းမကောင်းလို့
ဖြစ်တာလို့ ပြောကြတယ်။ လူတွေ တော်တော်ခက်တယ်၊ မင်းကကောင်းသလား မမေးနဲ့ သူ့ဆွေသူ့မျိုးတွေ၊
သူ့အပါးကလူတွေ ကြည့်စမ်း ကားတွေ၊ စိန်တွေ၊ တိုက်တွေနဲ့ကို ဖြစ်လို့၊ မင်းတို့က
နိုင်ငံတော် အကြီးအကဲရဲ့ စေတနာတွေကို မသိပဲကိုး၊ သူ့အနားရောက်အောင်သွားပြီး
ရွှေဘ၀င်ငြိမ့်ပေးရင် မင်းလည်း တိုက်တစ်လုံးတော့ ဖြစ်မှာပေါ့။ ငါ ဖားခိုင်းတာ
မဟုတ်ဘူးနော်၊ အပြောမတော်ရင်လည်း တိုက်တစ်လုံးတော့ ရမှာပေါ့၊ သံတိုင်လေးတွေနဲ့လေ။
ရာသီဥတုမကောင်းတာတွေဟာ အမှန်တကယ် လူမင်းဘုန်းကြီးလို့ နတ်မင်းတွေ မနာလိုဖြစ်ပြီး
ပြည်သူတွေ ဒုတ်ခရောက်အောင် လုပ်တာကွ၊ ဟို အနောက်ရေဒီယို လှိုင်းတွေလိုပဲ။ ကြုံတုံး
ကျိတ်လိုက်ဦးမှ။ စီးပွားရေးအနေနဲ့ရောကြည့်လိုက် မင်းနိုင်ငံတစ်ကာမှာ တစ်လကို တစ်နေ့ကို
166$ ရတဲ့နိုင်ငံမင်းလက်ချိုးရေကြည့်စမ်း၊ များများစားစားရှိလား။
ဒီမှာတစ်နေ့လုပ်တစ်နေ့စားတောင် တစ်ရက် အနည်းဆုံး 1000 ကျပ်ရတယ်ကွ။ နိုင်ငံတော်ရဲ့
ငွေကြေးလဲလှယ်နှုန်း 6 ကျပ်နဲ့ တွက်ကြည့်စမ်း၊ မင်းမှန်းတတ်မှာပေါ့ကွာ။
အစ်ကိုကြီးလို ဟိုယောင်ယောင်တောင် တစ်လကို 30000K လောက်ရတဲ့လူအဖို့တော့ တစ်လ 5000$
လောက်တော့ အသာလေးကွ။ မင်းဒီအရှေ့တောင် အာရှမပြောနဲ့ အာရှမှာ ရှာကြည့်စမ်း
ရှိလားလို့။ အခွန်တွေကောက်တာ ကောက်ချင်တိုင်း ကောက်တယ်လို့ မှတ်နေလား၊
ပြည်သူတွေကောင်းဖို့ကွ၊ နိုင်ငံတော် အကြီးအကဲလည်း ပြည်သူပဲ၊ သူ့ဆွေမျိုးလည်း
ပြည်သူပဲ၊ အစ်ကိုကြီးလည်း ပြည်သူပဲလေကွာ။ အစ်ကိုကြီးတို့တွေက
အစ်ကိုကြီး ခွန်မြင့်လှိုင် ပြောသလို ကိုယ်ထုတ်တဲ့ ဥပဒေကို ကိုယ်ချိုးဖောက်တာ မဟုတ်ဘူးကွ၊
ဒီလိုမလုပ်ဖို့ ဒီလိုလုပ်ရင် ဇာတ်သိမ်းမလှတတ်ဘူးလို့ မင်းတို့ကို သိစေချင်လို့
လုပ်ပြနေတာ လုပ်ချင်လို့လုပ်တယ် ထင်နေလား၊ ကိုယ်တို့ ကားအကောင်းစားကြီးတွေ
စီးနေပေမဲ့ စိတ်ချမ်းသာတယ်များ ထင်နေလားညီလေးရယ်။ အစ်ကိုကြီးတို့ရဲ့ စေတနာတွေပါကွ။
အကောက်အခွန်ကလူတွေ တော်တော်များများ ကို ဖမ်းပြန်တော့လည်း
လူတွေကအပြစ်ပြောကြသေးတယ်။ အပြစ်ရှိတဲ့လူကို ထိုက်သင့်တဲ့အပြစ်ပေးတာလေကွာ။ သူတို့က
ရသမျှ သူတို့ အိတ်ထဲထည့်နေတော့ ငါတို့က ဘာရမှာလဲကွ။ ငါတို့ရမှ ပြည်သူတွေကောင်းစားမှာ
လူနေမှုဘ၀တွေ မြင့်တက်လာမှာကွ။ ငါတို့က ပြည်သူ့စွမ်းအားရှင်တွေလို့ ခေါ်တာကို
မနာလိုတဲ့သူတွေက မနာလိုကြသေးတယ်။ မင်းတို့လည်း ခိုင်းကောင်းအောင်
မင်းတို့အလုပ်သမားတွေကို မြှောက်ကြသေးတာပဲ ငါတို့လဲလူပဲလေကွာ၊
ပိုခိုင်းကောင်းအောင် ခေါင်းစဉ်တပ်ရမှာပေါ့ကွ။ လုပ်ပိုင်ခွင့်ပါဝါတွေ
အပြည့်အ၀မပေးတာလဲ တစ်ချို့ကအပြစ်တင်ချင်သေးတယ်။ အာဏာအလွဲသုံးစားတာ
မဖြစ်စေချင်လို့လေကွာ။ နောက်ပြီး အရပ်ဖက်၊ ရဲဖက် ဆိုတာတွေဟာ အစ်ကိုကြီးတို့လို
စစ်ဖက်လောက် စိတ်မချရဘူးလေ၊ တစ်ချိန်ချိန်မှာ ဘက်ပြောင်းသွာတာတွေ ဖြစ်နိုင်တယ်။
ကိုယ်တို့က စိတ်ဝမ်းမကွဲဘူးကွ၊ တစ်သွေးတစ်သံတစ်မိန့်လေ။ ဘယ်အဖွဲ့အစည်းမှ
တစ်သွေးတစ်သံ တစ်မိန့်လောက် စိတ်မချရဘူး။ ဟုတ်ပါတယ် ကိုယ်တို့အဖွဲ့ထဲမှာလည်း
အဖွဲ့ကွဲတတ်ပါတယ်။ ဒါသဘာဝပဲလေကွာ၊ အဖွဲ့အစည်းရှိမှတော့ သဘောထား ကွဲလွဲမှုလေးနဲနဲပါးပါးတော့
ရှိမှာပေါ့။ ဒါက လူတိုင်းသိတာလေကွာ အပြစ်မပြောသင့်ဘူးလေ။ လျှပ်စစ်မီးမလာတာက
မင်းတို့ကို သဘာဝနဲ့ လိုက်လျော်ညီထွေနေတတ်အောင်ကွ၊ နောင် Nuclea စစ်ပွဲတွေ
ဖြစ်လာလို့ လျှပ်စစ်မီးမရှိရင် မင်းတို့နေရထိုင်ရ ခက်မှာစိုးလို့
နိုင်ငံတော်အစိုးရရဲ့စေတနာကွ၊ ပြောရင်းနဲ့ တော်တော် ဒေါသထွက်လာပြီ၊ စေတနာကို
တော်တော်စော်ကားကြတာပဲ။ သူများနိုင်ငံတွေမှာဆို တမင်လျှပ်စစ်မီးကို 15 minutes
ပိတ်ပေးတာ၊ ပြည်သူတွေ သဘာဝ အရသာကို ခံစားနိုင်အောင်လေ။ အဲ့ဒိလောက်ဆို
နိုင်ငံတော်အစိုးရရဲ့ နှစ်ဆယ့်လေးနာရီမှာ 1 နာရီလောက် မီးပေးထားတဲ့ စေတနာကို
သဘောပေါက်။ ပြည်သူတွေ ဒီလိုခံစားနိုင်အောင် ငါတို့မှာ သဘာဝနဲ့ နေချင်ပေမဲ့
နှစ်ဆယ့်လေးနာရီ ဒီလျှပ်စစ်မီးတွေရဲ့ အလင်းရောက်အောက်မှာ နေနေတာ
ကိုယ်ချင်းစာပေးစေချင်တယ်ကွာ။ မင်းဒီလောက်ဆို နိုင်ငံတော်အစိုးရရဲ့ စေတနာတွေကို
နားလည်သဘောပေါက်လောက်ပြီ ထင်တယ်၊ မပေါက်သေးရင်လဲ အိမ်မက်ထဲမှာ
မဆွေးနွေးချင်ဘူးကွာ၊ ကိုယ့်ဆီလာခဲ့၊ ကိုယ့်မှာ မင်းအတွက် ပလက်တီနမ်
လက်ကောက်ရှိတယ်၊ စတီးလည်း တိုက်ပါများရင် ပလက်တီနမ်လိုပဲလေ။ စာရေးရတာ
တော်တော်တောင် ကြာသွားပြီး လက်ဖက်ရည်သောက်မဲ့ အချိန်တောင် တော်တော်လင့်သွားပြီ။
အစ်ကိုကြီးကို ဆက်သွယ်ချင်ရင် 199 ကို ဆက်လိုက်ပါ၊ အစ်ကို့နာမည်မှတ်ထားဦးနော်
သန်းမိုက်မိုက်ရွှေတဲ့။ သန်းနဲ့ချီတဲ့ အရေအတွက်နဲ့ ရွှေရတုတိုင်အောင်မိုက်ခဲလို့
စိန်ရတုတောင် ကျော်နေပြီ ညီလေးရယ်၊ ဖားတုလို့ ခရုခုန်ရင် ခရုကို အရက်နဲ့
ကင်မြည်းလိုက်မှာပေါ့ကွယ်။

ကျန်ခဲ့တာလေး နည်းနည်းဖြည့်စွက်ချင်တယ်ကွယ်၊ မင်းမကျေနပ်နိုင် ဒီနိုင်ငံမှာ မနေနဲ့လေ၊ တစ်ခြားသွားနေပေါ့။ မျိုးချစ်စိတ်ဓါတ်မရှိတဲ့လူတွေ ဒီလိုပဲ ကိုယ့်နိုင်ငံကို စွန့်ခွာကြတယ်လေ။ စဉ်းစားပေါ့ညီလေးရယ်၊ အစ်ကိုကြီးသားသမီးတွေ နိုင်ငံခြားမှာ စာသွားသင်ခိုင်းတာ ဂုဏ်ယူဖို့လို့ မထင်နဲ့၊ ပြည်သူတွေ နိုင်ငံခြားမှာ အနှိမ်ခံရမဲ့အစား အစ်ကိုကြီး သားသမီးတွေ သွားသင်ခိုင်းထားတာလေကွာ၊ မင်းတို့အတွက် နိုင်ငံတစ်ကာ သင်ရိုးညွှန်းတမ်းနဲ့အညီ သင်နိုင်အောင် စီစဉ်ပေးထားတာလေးတွေလဲ အခွင့်အရေးသင့်ရင် ညီလေးကို ထပ်ပြီး ရှင်းပြပါ့မယ်။
 
  Total 19813 visitors (47726 hits) on this page!  
  This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free