Everything were falling down!
  ကမ္ဘာလောကကြီး သာယာစေချင်ရင် သင့်မျက်နှာ&
 

ကမ္ဘာလောကကြီး သာယာစေချင်ရင်

သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ

 

       တစ်နေ့ က ကျွန်တော် နယူးယောက်မှာ မိတ်ဆွေ

တစ်ယောက်နှင့်အတူ တက္ကစီ စီးသည်။ ကားထဲက

ထွက်တော့ မိတ်ဆွေက ဒရိုင်ဘာကိုပြောသည်။ “ကျေး

ဇူးပါပဲဗျာ၊ခင်ဗျား ကားမောင်းပုံ သိပ်ကောင်းတာပဲ”

       တက္ကစီဒရိုင်ဘာက ရုတ်တရက်တွေသွားသည်။ပြီး

တော့မှ “ဘာလဲဗျ၊နောက်တာလား” ပာုပြန်ပြောသည်။

        “မပာုတ်ဘူးဗျ၊မနောက်ပါဘူး၊ကျွန်တော်တကယ်

ပြောတာပါ၊ကားတွေ ရှုပ်ယှက်ခတ်တဲ့နေရာမှာ ခင်ဗျား

တည်တည်ငြိမ်ငြိမ် အလုပ်လုပ်တာ သဘောကျလို့ ပါ”

            “အင်းလေ” ဆိုပြီး ဒရိုင်ဘာ မောင်းထွက်သွား

သည်။

           “နေစမ်းပါဦးဗျ၊ခင်ဗျားပာာက ဘာလုပ်တာလဲ”

ကိုယ့်ချည်းရှိတော့မှ ကျွန်တော် မေးမိသည်။

      “နယူးယောက်မြို့ ကြီးထဲမှာ မေတ္တာတရားတွေပြန့် 

ပွားလာအောင် ဖြန့် ဝေပေးနေတာဗျ၊ဒီမြို့ ကို ကယ်တင်

နိုင်ဖို့ ဒီတစ်နည်းပဲ ရှိတယ်”  မိတ်ဆွေက ဆိုသည်။

       “ခင်ဗျား တစ်ယောက်တည်းနဲ့  ဒီမြို့ ကြီးတစ်ခုလုံး

ဘယ်မှာ ကယ်နိုင်ပါ့မလဲဗျ”

          “တစ်ယောက်တည်း မပာုတ်ဘူးလေဗျာ ၊ အခု

ကြည့် ဒီဒရိုင်ဘာ သူ့ ဘာသာ တစိမ့်စိမ့်တွေးပြီးကျေနပ်

သွားမယ်လို့  ကျွန်တော် ယုံကြည်တယ်၊ အကယ်၍ ဒီ

နေ့ မှာ သူ နောက်ထပ် ခရီးသည် ၂၀ မောင်းပို့ ပေးရ

မယ် ဆိုပါတော့၊ သူ့ အပေါ် ကျွန်တော်တစ်ယောက်

ကောင်းထားလို့ ဖြစ်ပေါ်တဲ့ ကျေနပ်မှုလေးကြောင့် သူ

ဒီလူ ၂၀ အပေါ်သဘောကောင်းကောင်းနဲ့  ဆက်ဆံ

တော့မယ်ဗျ၊အဲဒီလူတွေက တစ်ခါ ဆင့်ပွားပြီး သူတို့ နဲ့ 

ဆက်ဆံရတဲ့ အလုပ်ရှင်တွေ၊အလုပ်သမားတွေ၊ဆိုင်ရှင်

တွေ၊ စားပွဲထိုးတွေကို ပျူပျူငှာငှာ ဆက်ဆံမယ်၊ ကိုယ့်

မိသားစုတွေ အပေါ်မှာလဲ ပိုကြင်နာသွားမယ် ဆိုရင် ဒီ

တစ်ဦးအပေါ်တစ်ဦး ချစ်ကြည်ရင်းနှီးမှုပာာ အနည်းဆုံး

လူ ၁၀၀၀ လောက်ဆီအထိ ပြန့် သွားလိမ့်မယ်ဗျ၊ အဲဒါ

ဆို ဘယ်ဆိုးမလဲ၊ မပာုတ်ဘူးလား”

          “ဒါပေမဲ့ ခင်ဗျားရဲ့  ချစ်ကြည်ရေး စိတ်ဓာတ်ကြီး

ပြန့် ပွားဖို့ အတွက်က အဲဒီ တက္ကစီဒရိုင်ဘာ အပေါ်မှာ

လုံးလုံးလျားလျား မူတည်မနေပေဘူးလားဗျာ”

            “ပာာ…ဘ်ာပာုတ်မလဲ၊ သူတစ်ဦးတည်းအပေါ်

တော့လဲ ကျွန်တော် ဘယ်လုံးလုံးလျားလျား ပုံအပ်ထား

ပါ့မလဲ၊ သေချာအောင် လုပ်ရမှာပေါ့၊ ကျွန်တော် ဒီနေ့ 

လူဆယ်ယောက်နဲ့ အဲဒီလို မေတ္တာဖြန့် ကြက် ဆက်ဆံ

ဖို့ ရည်ရွယ်ထားတယ်၊ဆယ်ယောက်ထဲက သုံးယောက်

ဆီကို ပြန့် ပွားသွားရင်သူတို့ ကနေဆင့်ပွားပြီး လူ၃၀၀၀

မှာ စိတ်သဘောကောင်းတွေ ဝင်သွားမယ်”

             “စားရင်းအရတော့ အိုကေနေတာ အမှနိပါပဲ၊

ဒါပေမဲ့ လက်တွေ့ မှာ ခင်ဗျားတွက်ထားတဲ့အတိုင်း ဖြစ်

လိမ့်မယ်လို့ တော့ ကျွန်တော် မထင်ဘူး”

           “မဖြစ်တော့လဲ ဘာနစ်နာသွားတာမှတ်လို့ ဗျာ၊

လူတစ်ယောက်ကို ခင်ဗျား လုပ်ပုံကိုင်ပုံ တော်ပါပေ

တယ်ဗျာလို့ ချီးမွမ်းစကားဆိုရတဲ့အတွက် ကျွန်တော့်မှာ

လဲ ဘာအချိန်မှ ကုန်မသွားပါဘူး၊ဒီလိုပြောပြီး ဘောက်

ဆူးပိုပေးစရာလဲမလို၊လျှော့ပေးစရာလဲမလို၊ကိုယ့်စကား

သူ့ ရင်ထဲ ဝင်မသွားတော့လဲ ဘာဖြစ်လဲ၊ နောက်နေ့ 

နောက်ထပ် တက္ကစီသမားတစ်ယောက်နဲ့ တွေ့ တော့သူ

ဝမ်းသာသွားအောင်၊စိတ်ချမ်းသာ ကြည်နူးသွားအောင်

ကျွန်တော် ထပ်ပြောရုံပေါ့”

            “အင်း…ခင်ဗျားလဲ တစ်နည်းတစ်ဖုံ ကြောင်တဲ့

ပုဂ္ဂိလ်ပဲ ကိုး” ကျွန်တော် မှတ်ချက်ချမိသည်။

            “ပာာ အဲဒါပဲ၊ ခင်ဗျားနှလုံးသားတွေ ဘယ်

လောက်မာကျောနေပြီဆိုတာဒီမှာ ပေါ်တယ်၊ကျွန်တော်

ဒီကိစ္စအတော် လေ့လာထားပြီးပြီ၊ကျွန်တော်တို့ စာပို့ 

ဌာန ဝန်ထမ်းတွေပဲ ဆိုပါစို့ ၊ သူတို့ မှာ ဘာလိုနေသလဲ

ကြည့်လိုက်ရင် အသိအမှတ်ပြုစကားဗျ၊ငွေတော့ ထည့်

မပြောနဲ့ တော့ပေါ့ဗျာ...ပာုတ်လား၊သူတို့ အသိအမှတ်

ပြုမခံရဘူးဗျ၊ဘယ်သူကမှ ခင်ဗျားတို့ လုပ်နေတဲ့ စာပို့ 

တိုက် အလုပ်ကြီးပာာ ကောင်းပါတယ်အကျိုးပြုပါတယ်

မပြောကြဘူး”

              “ပာ၊ခင်ဗျား လူတွေကလဲ ကောင်းကောင်းမှ

မလုပ်ကြဘဲဗျ”

                “ခင်ဗျားပြောတာ မှန်တယ်၊ဒါပေမဲ့ သူတို့ 

စိတ်ထဲမှာ ငါတို့ ကောင်းကောင်း လုပ်လုပ် မလုပ်လုပ်

အကြောင်း မထူးဘူး၊ဘယ်သူမှလဲ အရေးမစိုက်ဘူး၊ အ

သိအမှတ်မပြုဘူး ဆိုတာကြီးက စွဲနေတာကိုး၊အဲဒီတော့

တစ်ယောက်ယောက်က သူတို့ အပေါ်ကြင်နာတဲ့စကား

အသိအမှတ်ပြုတဲ့စကား ပြောမပေးသင့်ဘူးလားဗျ”

             စကားပြောရင်း လျှောက်လာကြရာ ဆောက်

လက်စအဆောက်အဦတစ်ခုအနီးသို့ ရောက်လာသည်။

အဲသည်မှာ အလုပ်သမား ၅ ယောက် နေ့ လယ်စာ စား

နေကြတာ တွေ့ တော့ ကျွန်တော်မိတ်ဆွေက ရပ်ပြီး

စကားပြောသည်။

        “ခင်ဗျားတို့ အဆောက်အဦ ကြည့်ရတာ အရမ်း

သားနားတယ်ဗျာ ၊ အတော် ခက်ခက်ခဲခဲ လုပ်ရမှာပဲ ၊

အန္တရာယ်လဲ များမယ့်ပုံ”

                  အလုပ်သမားများ ကျွန်တော့်မိတ်ဆွေကို

သင်္ကာမကင်းပာန်ဖြင့် ကြည့်ကြသည်။

               “ဘယ်တော့ ပြီးမလဲဗျ” မိတ်ဆွေက ဆက်

မေးသည်။

                 “ဇွန်လ” တစ်ယောက်က တိုတိုပြတ်ပြတ်

ဖြေသည်။

               “ပာာ…ပာုတ်လား၊ကောင်းတယ်ဗျာ၊ခင်ဗျား

တို့  အဖို့ တော့ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူစရာပါ”

               ကျွန်တော်တို့ ထွက်လာခဲ့သည်။ “အင်း……

ခင်ဗျားလို ပုဂ္ဂိုလ်မျိုးကတော့ ရှာမှရှားပဲဗျို့ ” ကျွန်တော်

သြဘာပေးမိသည်။

                    သူက အေးအေးဆေးဆေး။

             “ရုတ်တရက်တော့ တစ်မျိုးပေါ့ဗျာ၊ ဒါပေမဲ့

ကျွန်တော့်စကားတွေ တဖြည်းဖြည်း စိမ့်ဝင်သွားလိမ့်

မယ်၊အဲဒီအခါကျတော့ ဝမ်းသာကြ စိတ်ကြည်နူးကြမှာ

ပေါ့၊သူတို့ စိတ်ချမ်းသာရင် အဲဒီရဲ့ အကျိုးဆက်ကို ဒီမြို့ 

ကြီးထဲက တခြားလူတွေ ခံစားရလိမ့်မယ်”

             “ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်း လုပ်နေရုံ

နဲ့ တော့ ထင်သလောက် ဖြစ်မလာနိုင်ပါဘူးဗျာ” ကျွန်

တော်က ငြင်းနေသည်။

               “ဘယ်ပာုတ်မလဲဗျ၊ဒီကိစ္စမှာ အရေးကြီးဆုံး

အချက်က အားမလျှော့ဖို့ ပဲ၊မြို့ ကြီးတစ်မြို့ လုံးက လူ

တွေ သဘောကောင်းလာအောင် လုပ်တဲ့ ကိစ္စဗျာ ၊ အ

လွယ်တကူုတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ၊ဒါပေမဲ့ ကျွန်တော့်

စစ်ဆင်ရေးထဲမှာ တခြားလူတွေလဲ ပါဝင်လာအောင်

စည်းရုံးနိုင်မယ်ဆိုရင်…”

              “ ကြည့်စမ်း ပော့လူခင်ဗျား ခုနက အရုပ်ဆိုး

ဆိုး မိန်းမကို မျက်စပစ်ပြလိုက်တယ် မပာုတ်လား …”

ကျွန်တော် ကြားဖြတ်မေးသည်။

              “ပာုတ်တယ်လေဗျာ၊ဒါလောက် အရုပ်ဆိုးတဲ့

မိန်းမ ကျွန်တော်က မျက်စပစ်ပြလိုက်တော့ သူ့ ကိုလဲ

သဘောကျတဲ့လူ ရှိသေးတာပဲ တွေးပြီး ကြည်နူးသွား

မယ်၊အကယ်၍ သူသာ ကျောင်းဆရာမ တစ်ယောက်

ဖြစ်မယ် ဆိုပါတော၊့အတန်းထဲက ကလေးတွေအဖို့ 

တော့ ဒီနေ့ ပာာ ပျော်စရာ နေ့ ထူးနေ့ မြတ်ပေါ့” တဲ့။

    

                ကျွန်တော့်မိတ်ဆွေကတော့ ပျော်ပျော်ကြီး

ပြောဆိုနေလေသည်။

 

{မူရင်း။  ။Art Buchwald ၏ Love And The Cabbie}

 

 

 

 

 
  Total 19810 visitors (47719 hits) on this page!  
  This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free