Everything were falling down!
  ချစ်သူ့ လက်ဆောင် နာရီကလေး
 

ချစ်သူ့ လက်ဆောင် နာရီကလေး

ချစ်သူတိုင်းမှာ အထိမ်းအမှတ်ကလေးတွေ ကိုယ်စီ ကိုယ်ငှရှိကြပါတယ်။ များသောအားဖြင့် ချစ်သူစတင် ဖြစ်တဲ့နေ့ ပာာ ဘ၀မှာ အမှတ်တရ အဖြစ်ရဆုံးပါပဲ။ချစ်သူတစ်ယောက် ရတယ်ဆိုတာ ဘ၀ရဲ့ အပြောင်း အလဲတစ်ခု အချိုးအကွေ့ တစ်ခု ဖြစ်ပေါ်လာခြင်းပါပဲ။တစ်ကမ္ဘာလုံးမှာရှိတဲ့ ချစ်သူတွေပာာ အဲဒီနေ့  ရောက်တဲ့အခါ အမှတ်တရလက်ဆောင်နဲ့  ပို့ စကဒ်လေးတွေ အချင်းချင်း အပြန်အလှန် ပေးပို့ လေ့ရှိပါ တယ်။ ကမ္ဘာနာရီမြို့ တော်လို့ ထင်ရှားတဲ့ ဆွစ်ဇီလန်နိုင်ငံက လူငယ်ချစ်သူစုံတွေကတော့ သူတို့ ရဲ့  အဲဒီ အမှတ်တရနေ့ ကို "နာရီ" လေးများပေးပို့ တတ်ကြပါတယ်။အဲဒီလိုပေးပို့ တဲ့နေရာမှာ "နာရီ" တန်ဖိုး အမျိုး အစားကို လိုက်ပြီးအဓိပ္ပာယ်မပြောင်းလဲပါဘူး။ ငွေကြေးချမ်းသာသူတွေက တန်ဖိုးကြီးနာရီတွေပေးပေမဲ့ မတတ် နိုင်သူတွေက တန်ဖိုးနည်းတဲ့ နာရီတွေကို ပေးပါသတဲ့.။နာရီပာာ အချိန်ကို ပိုင်းခြားသတ်မှတ်တဲ့ ပစ္စည်း တစ်ခုပါပဲ။ အဲဒီ နာ၇ီကို ချစ်သူအချင်းချင်း ပေးတဲ့အခါကိုယ့်ရဲ့ ချစ်သူပာာ ကိုယ့်ကို အချိန်တိုင်း သတိရနေ အောင်လို့  ရည်ရွယ်ပါသတဲ့………….။တချို့ ချစ်သူတွေကလည်း ချစ်သူရဲ့  အမုန်းတရားကို ခံစားရတဲ့အခါ ဒါမှမပာုတ် အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာသွားတဲ့အခါ "နာရီ"ပေးပို့ တတ်ပါသေး တယ်…..။အဓိပ္ပာယ်ကတော့………………"မင်းမရှိတဲ့ အချိန်တိုင်း ကိုယ့်နှလုံးသားပာာနာကျင်စွာနဲရယ်မောပာန်ဆောင်နေရပါတယ်" ဆိုပဲ………။နာရီများရဲ့  ရာဇာဝင်က စိတ်ဝင်းစားဖို့ ကောင်းပါတယ်။ ပာိုး….ရာစုနှစ်ပေါင်းများစွာက အီဂျစ်လူမျိုးတွေပာာ သဲနာရီကို စတင်ပြုလုပ်အသုံးပြုခဲ့ကြပါသတဲ့။ အခုခေတ်ကာလ နာရီလို့ ခေါ်ဝေါ်ပြီး ကမ္ဘာအနံ့မှာ မြင်တွေ့ နိုင်တဲ့ နာရီအမျိုးအစားကိုတော့ ၁၅၀၀ ခုနှစ်မှာ ဂျာမနီနိုင်ငံသား ပီတာပာက်လိန်း (Peter Helein)ဆိုတဲ့ လူပာာ အိပ်ဆောင်နာရီကို စတင် တီထွင်ခဲ့တာပါ။ ဒါပေမဲ့ သုံးစွဲတဲ့သူ နည်းပါတယ်။၁၆၀၀ ပြည့်နှစ် အစောပိုင်းမှာမှ နာရီကို လူတွေဘယ်လိုအသုံးချရမယ်ဆိုတာ ကျယ်ကျယ်ပြန့် ပြန့် သိလာပြီး အများစု သုံးစွဲလာကြပါတယ်။ပထမဆုံး လက်ပတ်နာရီကိုတော့ ၁၈၆၈ ခုနှစ်မှာ (Peter Philippe) ပီတာဖီလစ်ပီဆိုတဲ့လူက တီထွင်ခဲ့ပါတယ်။၁၈၈၈ ခုနှစ်မှ ကမ္ဘာကျော် ရတနာကုမ္ပဏီဖြစ်တဲ့ ကာတီးရီးယား(Cartier) ကုမ္ပဏီက အမျိုးသမီးတွေအတွက် ပထမဦးဆုံးသော စိန်နှင့်ရွှေလက်ပတ်ကြိုးဖြင့် ပြု လုပ်ထားသော လက်ပတ်နာရီကို ထုတ်လုပ်ခဲ့ပါတယ်။အခု ၂၁ ရာစုကို ရောက်လာခဲ့ပါပြီ။ နှစ်ပေါင်း ၄၀၀ ကျော်လောက် သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်တဲ့ "နာရီ"ကို ချစ်သူတွေက "ကိုယ်တို့ နှစ်ဦးရဲ့  အချစ်တွေ နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲပါစေ"ဆိုတဲ့ အဓိပ္ပာယ်နဲ့ ချစ်သူတွေအချင်းချင်း လက်ဆောင်ပေးတတ်ကြပါသ တဲ့။အဲဒီနာရီ လက်ဆောင်ပေးတဲ့နေ့ ပာာ………ချစ်သူစုံတွဲတွေ တရားဝင် ချစ်သူဘ၀ကို ရောက်ရှိတဲ့နေ့  ဖြစ်ပါတယ်။ဂျာမနီနိုင်ငံက ချစ်သူတွေပာာ ကိုယ့်ရဲ့ ချစ်သူကိုစားပွဲတင်နာရီ လှလှလေးတွေကို အဲဒီနေ့ မှာပေးလေ့ရှိပါတယ်။အဲဒီ စားပွဲတင်နာရီလေးထဲမှာ ဘက်ထရီ၊ ဒါမပာုတ် ဓာတ်ခဲ ထည့်မပေးလိုက်ပါဘူးတဲ့…………။သူတို့ ချစ်သူဘ၀ရောက်တဲ့ အချိန်လေးအတိုင်း အဲဒီနာရီကို ရပ်ထားပါသတဲ့.................။ အဓိပ္ပာယ်ကတော့……………………. “အချိန်ရဲ့ တိုက်စားမှုအောက်မှာ ယ်တော့မှ ပြိုလဲမသွားမယ့် တို့ နှစ်ယောက်ရဲ့ အချစ်" လို့ ။အဓိပ္ပာယ်ဖွင့်ပါသတဲ့..။ မိတ်ဆွေများခင်ဗျား ကိုယ်ရဲ့ ချစ်သူကို ချစ်ခြင်းရဲ့ နှစ်ပတ်လည် နေ့ ကလေးတွေမှာ ဘာပေးရင် ကောင်းမလဲလို့ စဉ်းစားရခက်ကောင်းခက်နေနိုင်ပါတယ်။ အဲဒီအခါ နာရီလေးတစ်လုံးပာာ မိတ်ဆွေတို့ ရဲ့ချစ်ခြင်းသင်္ကေတလေးတစ်ခု ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့ ……တန်ဖိုးများသည် နည်းသည်က ချစ်သူဘ၀ မှာ အရေးမပါပါဘူး။ အဓိကကတော့ မိမိတို့ ရဲ့  ချစ်ခြင်းတွေ အမြဲနွေးထွေးစေဖို့ အမှတ်တရ ဖြစ်ရပ်လေးတွေ ဖန်တီးထားနိုင်ဖို့ ပဲ မပာုတ်ပါလား…………အနာဂတ်ကာလမှာ ချစ်သူနှစ်ဦးရဲ့  ချစ်ခြင်းတရားတွေအကြောင်း နောက်လူနောက်သားတွေကို ပြောပြပြီး အတိတ်ကာလကို လွမ်းဆွတ်ကြည်နူးနိုင်ဖို့ ချစ်သူတွေကြားမှာ အမှတ်တရ လက်ဆောင်လေးတွေက အင်မတန် အရေးပါလာတာကို တွေ့ ရှိလာမှာ အသေအချာပါပဲ….။ အနာဂတ်ကာလမှာ နှလုံးသားတွေ နွေးထွေးစေဖို ချစ်သူနှစ်ဦးရဲ့  ချစ်ခြင်းတရားတွေ ရာဇာဝင်မှာကဗ္ဗည်းမော်ကွန်းထိုးနိုင်ဖို့ ……. ပေးကိုပေးသင့်တဲ့ ချစ်လက်ဆောင် နာရီလေးတစ်လုံးပါ။ နောင်တစ်ချိန် ဒီနာရီအပောာင်းလေးကို တစ်နေရာရာမှာ ပြန်ရှာတွေ့ တဲ့အခါ သားတွေသမီးတွေ မြေးတွေမြစ်တွေ ရကောင်းရနေတဲ့ဘ၀ ဖြစ်မှာပါ။အဲဒီအချိန်မှာ ခံစား ကြည်နူးရမယ်ခံစားမှုကို အခုကတည်းက ပျိုးထောင်ထားသင့်ပါတယ်။ဒီတော့………………….ကိုယ့်ချစ်သူကို ကိုယ့်တို့ နှစ်ဦးရဲ့ ချစ်နှစ်ပတ်လည်နေ့လေးမှာနာရီလေးတစ်လုံး(စားပွဲတင်နာရီလေးပဲဖြစ်ဖြစ်၊
လက်ပတ်နာရီလေးတစ်လုံးဖြစ်ဖြစ်ပြီးတော့တန်ဖိုးများသည်ဖြစ်စေ နည်းသည်ဖြစ်စေ)ပေးဖြစ်အောင်ပေးလိုက်စေချင်ပါသေးတယ်ခင်ဗျာ…..။
အနာဂတ်ကာလမှာပျော်ရွင်ကြည်နူးနိုင်စေဖို့ ပါ။
                                                                                          ချစ်ခင်လျက်


 
  Total 20324 visitors (48389 hits) on this page!  
  This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free